Saturday, November 22, 2008

ကာယလေ့ကျင့်ခန်းက အသည်းအဆီဖုံးရောဂါကို ကာကွယ်

အားကစားရုံသို့ သွား၍ နေ့စဉ် မှန်မှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းအားဖြင့် အသည်းအဆီဖုံးရောဂါကို ကာကွယ်နိုင်မည်ဟု လေ့လာစမ်းသပ်ချက် အသစ်တစ်ခုတွင် ဖော်ပြလျက်ရှိသည်။ ငြိမ်သက်စွာ ထိုင်အလုပ်လုပ်သော ရုံးဝန်ထမ်းတို့၏ နေပုံထိုင်ပုံက အသည်းအဆီဖုံးရောဂါ ဖြစ်ပွားစေနိုင်မည်ဖြစ်ပြီး အဝလွန်သူ ၇၅ ရာခိုင်နှုန်းတွင် ထိုကဲ့သို့ သက်ရောက်မှုပြုလိမ့်မည်ဟု ဆိုသည်။ ကာယလေ့ကျင့်ခန်း မပြုလုပ်သောသူများအနေဖြင့် အသည်းအဆီဖုံးရောဂါ ဖြစ်ပွားစေနိုင်မည်ဖြစ်ပြီး အထူးသဖြင့် အဝလွန်သူများ အနေဖြင့် လေ့ကျင့်ခန်းကို မှန်မှန်လုပ်သွားရန် လိုအပ်ကာ ရပ်နားခြင်းပြုပါက အယ်လ်ကိုဟောမပါသော အသည်းအဆီလှှမ်းသော ရောဂါ ဖြစ်ပွားလွယ်စေမည်ဟု ဆေးဝါးနှင့်ဆေးပညာဆိုင်ရာ ဆေးဝါးဗေဒပါမောက္ခ ဂျမောအီဗဒါက ပြောကြားခဲ့သည်။
လေ့လာစမ်းသပ် သုတေသနပြုသူများက ကြွက်များနှင့် စမ်းသပ်ခဲ့ရာ ငြိမ်သက်စွာနေစေသည့် အနေအထားနှင့် လည်ပတ်နေသော ဘီးအတွင်း အဝလွန်နေသော ကြွက်များကိုထား၍ စမ်းသပ်ခဲ့သည်။ ရက်သတ်တ ၁၆ ပတ်ခန့် စမ်းသပ်ခဲ့ရာ ငြိမ်သက်စွာနေသော အနေအထားရှိ ကြွက်များသည် ခုနစ်ရက်အတွင်းမှာပင် အသည်းအဆီဖုံးရောဂါ လက်ခဏာများ ပြသလာခဲ့ပြီး လည်ပတ်နေသော ဘီးအတွင်းမှ ကြွက်များမှာမူ မည်သည့်လက်ခဏာမျှ ပြသခဲ့ခြင်းမရှိချေ။ ကိုယ်ကာယလှုပ်ရှားမှုကြောင့် အသည်းအဆီဖုံးရောဂါကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သကဲ့သို့ ကိုယ်ကာယလှုပ်ရှားမှုမရှိသူ ၁၀၀ ရာခိုင်နှုန်းသည် အသည်းအဆီဖုံး ရောဂါဖြစ်ပွားစေမည် ဖြစ်သည်ဟု MU ကောလိပ်မှ ပါမောက္ခဖရန့်ဘုသ်က ပြောကြားခဲ့သည်။

Yangon Media Group

No comments: