Monday, December 13, 2010

မလုပ်ချင်ဆုံးအလုပ်၊ မလုပ်လိုသောအလုပ်


မလုပ်ချင်ဆုံးအလုပ်၊ မလုပ်လိုသောအလုပ်ကို အခုရက်ပိုင်းမှာ လုပ်နေမိတယ်။ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တယ်လို့ ယူဆမိသည့်အတွက် မျက်နှာပူပူနဲ့ လုပ်နေမိတယ်။ တော်သေးသာက ဖုန်းနှင့်သာဆက်သွယ်ပြီး လုပ်တယ်ဆိုတော့ မျက်နှာပူသက်သာလို့ ဖြေသာမိပါတယ်။
ဘယ့်အလုပ်များဘာလိမ့်။

ဆင်းရဲပင်ပန်းစွာ အလုပ်ကြိုးစားပြီး ရှာဖွေစုဆောင်းထားသော ချွေးနည်းစာ တစိတ်တပိုင်းလေးကို တစုံတရာအတွက် အလှူငွေများ ထည့်ပေးကြပါရန် မေတ္တာရပ်ခံနေမိသောအလုပ် ဖြစ်ပါတယ်။
ဘယ့်တစုံတရာအတွက်များဘာလိမ့်။
မိမိတို့ဘဝ အတတ်ပညာတွေပြည့်စုံပြီး တင့်တောင့်တင့်တယ်ဖြစ်အောင် မြေတောင်မြောက်ပေးခဲ့သော အနန္တေ အနန္တ ဂိုဏ်းဝင် အာစရိယဆရာသမားများကို ပူဇော်နိုင်ရန် ဖြစ်ပါတယ်။

Read More...